back

မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင် အမျိုးသမီးပရိတ်သတ် တစ်ဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့

Mar 12 • 1:35 AM

breaking-news

Myanmar

Local

cover

မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင် အမျိုးသမီးပရိတ်သတ် တစ်ဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့

ရန်ကုန်တိုင်း သန်လျင် သီဟဒီပကွင်း၌ မတ်လ ၁၀ရက်နေ့က ပြုလုပ်ခဲ့သည့် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တွင် မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်က ပွဲလာရောက်ကြည့်...

ရန်ကုန်တိုင်း သန်လျင် သီဟဒီပကွင်း၌ မတ်လ ၁၀ရက်နေ့က ပြုလုပ်ခဲ့သည့် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တွင် မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်က ပွဲလာရောက်ကြည့်ရှုသည့် ပရိတ်သတ်အမျိုးသမီးတဦးကို ပွဲကြည့်စင်ပေါ်တက်၍ ကိုယ်ထိလက်ရောက်ကျူးလွန်မှု ဖြစ်ပွားခဲ့ကြောင်း ဘောလုံးအဖွဲ့ချုပ်နှင့် နီးစပ်သူများထံမှ စုံစမ်းသိရသည်။ရတနာပုံအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲ ပထမပိုင်းပွဲစဉ် ပြီးဆုံးချိန်တွင် အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပွဲကြည့်စင်မှ ပရိသတ်တဦးက ရန်ကုန်ယူနိုက်တက်အသင်းမှ ယှဉ်ပြိုင်ကစားနေသည့် မောင်မောင်လွင်ကို အော်ဟစ်ပြောဆိုနေခဲ့ရာမှ မောင်မောင်လွင်က ပွဲကြည့်စင်ပေါ်သို့ ပြေးတက်သွားပြီး အဆိုပါအမျိုးသမီးအား ထိုးကြိတ်ခဲ့ခြင်းဖြစ်သည်။ ဘောလုံးစည်းမျဉ်းအရ ပွဲအတွင်း ထိုကဲ့သို့ ကိုယ်ထိလက်ရောက် ကျူးလွန်မှုအတွက် အနီကတ်ပြ ထုတ်ပယ်ခံရမည်ဖြစ်သော်လည်း၊ မောင်မောင်လွင်မှာ ပွဲပြီးဆုံးသည့်အထိ ဆက်လက်ကစားခွင့် ရရှိခဲ့သည်။ဘောလုံးအဖွဲ့ချုပ်နှင့် နီးစပ်သူတဦး၏ ပြောကြားချက်အရ အဆိုပါကိစ္စကို သက်ဆိုင်ရာအသင်းနှင့် တာဝန်ရှိသူများက သတင်းဖုံးဖိရန် ကြိုးပမ်းနေပြီး လက်ရှိအချိန်ထိ အရေးယူမှု တစုံတရာ ထွက်ပေါ်လာခြင်း မရှိသေးကြောင်း သိရသည်။

news-view-count-icon

54