back

နွေရာသီမွန်စာပေသမိုင်းတန်းအားလုံး ပြီးမြောက်သူများ မွန်အမျိုးသားကောလိပ်တွင် ပညာဆက်လက် သင်ကြားခွင့်ရရှိရန် စီစဉ်နေ

Mar 12 • 1:25 AM

breaking-news

Myanmar

Mon

cover

နွေရာသီမွန်စာပေသမိုင်းတန်းအားလုံး ပြီးမြောက်သူများ မွန်အမျိုးသားကောလိပ်တွင် ပညာဆက်လက် သင်ကြားခွင့်ရရှိရန် စီစဉ်နေ

နွေရာသီမွန်စာပေသမိုင်းအတန်းအားလုံး တက်ရောက်ပြီးစီးထားသည့်လူငယ်များ တက္ကသိုလ်(သို့)ကောလိပ်အဆင့် ပညာဆက်လက်သင်ယူခွင့်ရရှိရေး မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ယဉ်ကျေ...

နွေရာသီမွန်စာပေသမိုင်းအတန်းအားလုံး တက်ရောက်ပြီးစီးထားသည့်လူငယ်များ တက္ကသိုလ်(သို့)ကောလိပ်အဆင့် ပညာဆက်လက်သင်ယူခွင့်ရရှိရေး မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ယဉ်ကျေးအဖွဲ့နှင့် မွန်အမျိုးသားကောလိပ်တို့ကြား နားလည်မှုစာချွန်လွာ(MOU) လက်မှတ်ရေးထိုးရန်ရှိကြောင်း နှစ်ဖက်တာဝန်ရှိသူများ စီစဉ်နေသည်ဟု သိရသည်။ မွန်စာပေသမိုင်းတန်းကို (၆)နှစ်တာအချိန်ယူ လေ့လာထားသည့် လူငယ်များ၏ အနာဂတ်ပညာရေးတိုးတက်စေရန်အပြင် မွန်စာပေသမိုင်းတန်းကို မွန်လူငယ်များ ပိုမိုစိတ်ပါဝင်စားလာစေရန် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ဗုဒ္ဓဘာသာယဉ်ကျေးမှုအဖွဲ့မှ နားလည်မှုစာချွန်လွှာရေးထိုးနိုင်ရန် ပြင်ဆင်ရခြင်းဖြစ်ကြောင်းလည်း အဖွဲ့တာဝန်ရှိသူများမှ ပြောသည်။MOU ရေးထိုးရန်အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ ကော်မတီဝင်အဖွဲ့များ ဖွဲ့စည်းထားပြီးဖြစ်သော်လည်း မွန်အမျိုးသားကောလိပ်နှင့် ရှေ့ဆက်ပူးတွဲညှိနှိုင်းရမည့်ကိစ္စများ ကျန်ရှိနေသေးသည့်အတွက် လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှ လက်မှတ်ရေးထိုးနိုင်မည့်အဆင့်သို့ ရောက်ရှိမည်ဟု မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ဗုဒ္ဓဘာသာယဉ်ကျေးမှုအဖွဲ့မှ သံဃာတော်တစ်ပါးက မိန့်ကြားသည်။

news-view-count-icon

19