back

မွန်ပြည်နယ်၌ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ၁၀,၅၄၂ ဦး ရှိ

Mar 12 • 1:19 AM

breaking-news

Myanmar

Mon

cover

မွန်ပြည်နယ်၌ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ၁၀,၅၄၂ ဦး ရှိ

မွန်ပြည်နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့တွင် ဖြေဆိုသူ ၁၀,၅၄၂ ဦး ရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးနှင့် နီးစပ်သူတို့ထံမှ သိရသည်။ ယခုနှစ် တက္ကသိုလ်ဝ...

မွန်ပြည်နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့တွင် ဖြေဆိုသူ ၁၀,၅၄၂ ဦး ရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးနှင့် နီးစပ်သူတို့ထံမှ သိရသည်။ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ၁၀,၅၄၂ ဦးတွင် ကျိုက်ထိုမြို့နယ်မှ ၉၆၅ ဦး၊ ဘီးလင်းမြို့နယ်မှ ၇၀၁ ဦး၊ သထုံမြို့နယ်မှ ၈၅၉ ဦး၊ ပေါင်မြို့နယ်မှ ၇၇၄ ဦး၊ မော်လမြိုင်မြို့နယ်မှ ၂,၉၇၄ ဦး၊ ချောင်းဆုံမြို့နယ်မှ ၆၇၇ ဦး၊ ကျိုက်မရောမြို့နယ်မှ ၃၂၂ ဦး၊ မုဒုံမြို့နယ်မှ ၁,၅၀၁ ဦး၊ သံဖြူဇရပ်မြို့နယ်မှ ၁,၁၄၂ ဦး၊ ရေးမြို့နယ်မှ ၆၂၇ ဦး ရှိသည်။ ယမန်နေ့ မတ်လ ၁၁ ရက်နေ့တွင် စတင်ဖြေဆိုသည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် မွန်ပြည်နယ်အတွင်း စာစစ်ဌာန ၃၀ ခု ရှိသည်ဟုလည်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

news-view-count-icon

19