၁၂.၃.၂၀၂၆ ရက်ယနေ့၊ ၀၂နာရီ ၃၈ မိနစ်အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ စက်မှုဇုန်အပိုင်း(၂)၊ ဖန်ချက်ဝန်ဦးမြဲလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။အဆိုပါမီးေလာင်ကြောင်း သတင်းရရှိသဖြင့် လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၄)စီး၊ အင်းစိန်ခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီးတို့ဖြင့် ထွက်ခွာလျက်ရှိပါသည်။၀၂ နာရီ၄၉မိနစ် အချိန် မီးငြိမ်းပါသည်။



