back

မြန်မာစာဖြေဆိုပြီးသည့် မြင်ကွင်း

Mar 11 • 6:42 AM

breaking-news

Myanmar

Local

cover

မြန်မာစာဖြေဆိုပြီးသည့် မြင်ကွင်း

ယနေ့တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကိုစတင်ကျင်းပခဲ့ပြီး မြန်မာစာ ဘာသာရပ်ကိုဖြေဆိုခဲ့ပြီးဖြစ်သည်။၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၁ ရက် နံနက်...

ယနေ့တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကိုစတင်ကျင်းပခဲ့ပြီး မြန်မာစာ ဘာသာရပ်ကိုဖြေဆိုခဲ့ပြီးဖြစ်သည်။၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၁ ရက် နံနက် ၉ နာရီတွင် စတင်ကျင်းပခဲ့သည်။ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်မှ မတ်လ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ အထက (၆) ဗိုလ်တထောင်ကျောင်းတွင်လည်း ကျောင်းသား၊ ကျောင်းသူများ လာရောက်ဖြေဆိုနေကြသည့် မြင်ကွင်းများကို တွေ့မြင်ရသည်။ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ပြည်ပစာစစ်ဌာနများအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းရှိ စာစစ်ဌာနပေါင်း ၈၉၀ ခန့်တွင် ဖြေဆိုရန် စာရင်းသွင်းထားသူ စုစုပေါင်း ၂၆၅,၀၀၀ ကျော်ရှိကြောင်း မတ်လ ၃ ရက်နေ့အထိ စာရင်းများအရ သိရသည်။တက္ကသိုလ်ဝင်စာမေးပွဲကို နှစ်စဉ် ကျင်းပလေ့ရှိပြီး ယခုနှစ်တွင်လည်း တစ်နိုင်ငံလုံးရှိ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ဖြေဆိုလျက်ရှိသည်။

news-view-count-icon

22