back

တာချီလိတ်တွင် မူးယစ်မှုဖြင့် ချိတ်ပိတ်ထားသည့် နေအိမ်ခြံဝန်း၌ ရာအိမ်မှူးဆွေမျိုးများ ဝင်ရောက်နေထိုင်နေ

Mar 11 • 6:41 AM

breaking-news

Myanmar

Shan

cover

တာချီလိတ်တွင် မူးယစ်မှုဖြင့် ချိတ်ပိတ်ထားသည့် နေအိမ်ခြံဝန်း၌ ရာအိမ်မှူးဆွေမျိုးများ ဝင်ရောက်နေထိုင်နေ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်ရှိ မူးယစ်ဆေးဝါးမှုဖြင့် တရားဝင်ချိတ်ပိတ်သိမ်းဆည်းထားသော နေအိမ်ခြံဝင်းအတွင်းသို့ ရပ်ကွက်ရာအိမ်မှူး၏ ဆ...

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်ရှိ မူးယစ်ဆေးဝါးမှုဖြင့် တရားဝင်ချိတ်ပိတ်သိမ်းဆည်းထားသော နေအိမ်ခြံဝင်းအတွင်းသို့ ရပ်ကွက်ရာအိမ်မှူး၏ ဆွေမျိုးတော်စပ်သူများနှင့် ပြည်သူ့စစ်အဖွဲ့ဝင်အချို့က ကျူးကျော်ဝင်ရောက်နေထိုင်လျက်ရှိကြောင်း ယနေ့ (မတ်လ ၁၁ ရက်) တွင် ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ အဆိုပါနေအိမ်သည် ၂၀၂၄ ခုနှစ်အတွင်းက မူးယစ်တရားခံပြေးတစ်ဦးထံမှ သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိတွင် ခြံစည်းရိုးနှင့် တံခါးများကို ဖျက်ဆီးကာ လူမသိစေရန် နေကာစများဖြင့် ကာရံ၍ အဆောက်အအုံပြုပြင်မှုများ လုပ်ဆောင်နေခြင်းအပေါ် ဒေသခံများက ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုနှင့် ကျူးကျော်မှုဖြင့် ထိရောက်စွာ အရေးယူပေးရန် လိုလားနေကြသည်။

news-view-count-icon

16