မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မတ် ၄ ရက်နှင့် ၅ ရက်တို့တွင် ပြင်ဦးလွင်မြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ ရမည်းသင်းမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ ပျော်ဘွယ်မြို့နယ်၊ စဉ့်ကိုင်မြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့မော်တော်ယာဉ်ငါးစီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ခုနစ်စီး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၉၄,၇၀၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
မန္တလေးတိုင်းဒေသကြီးတွင်လိုင်စင်မဲ့မော်တော်ယာဉ်ငါးစီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ခုနစ်စီးဖမ်းမိခဲ့
Mar 11 • 5:14 AM
Myanmar
Mandalay
Share
| 16 | 0 | 0 | 0 |


