ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မတ် ၄ ရက်တွင် ပဲခူးမြို့နယ်နှင့် သာယာဝတီမြို့နယ်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၀ ဒသမ ၅၆၆ တန်၊ အခြားသစ် ၀ ဒသမ ၇၂၂ တန် စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅၃,၄၈၈ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။



