back

ငလျင်ကြောင့် ထိခိုက်မှုများ ပြင်ဆင်ပြီးနောက် နေပြည်တော် အမျိုးသားပြတိုက် ပြန်လည်ဖွင့်လှစ်

Mar 11 • 5:06 AM

breaking-news

Myanmar

Naypyidaw

cover

ငလျင်ကြောင့် ထိခိုက်မှုများ ပြင်ဆင်ပြီးနောက် နေပြည်တော် အမျိုးသားပြတိုက် ပြန်လည်ဖွင့်လှစ်

ငလျင်ဒဏ်ခံခဲ့ရပြီး ထိခိုက်မှုများ ရှိခဲ့သော အမျိုးသားပြတိုက် (နေပြည်တော်)ကို ပြန်လည်ပြင်ဆင်မှုများ ပြီးနောက် ပြန်လည်ဖွင့်လှစ်ထားပြီဖြစ်ကြောင်း သိရသည်။ယမန်နေ့ ( ...


ငလျင်ဒဏ်ခံခဲ့ရပြီး ထိခိုက်မှုများ ရှိခဲ့သော အမျိုးသားပြတိုက် (နေပြည်တော်)ကို ပြန်လည်ပြင်ဆင်မှုများ ပြီးနောက် ပြန်လည်ဖွင့်လှစ်ထားပြီဖြစ်ကြောင်း သိရသည်။ယမန်နေ့ ( မတ် ၁၀) က စတင်ကာ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းလည်း ဖြစ်သည်။စတင်ပြန်လည်ဖွင့်လှစ်သည့် မတ် ၁၀ရက်မှ မတ် ၁၂ ရက်အထိဝင်ကြေး အခမဲ့ ဖြစ်သည်။အမျိုးသားပြတိုက် နေပြည်တော်ကို တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များမှလွဲ၍ နေ့စဉ် ဖွင့်လှစ်ထားမည်ဟုလည်း သိရသည်။ဖွင့်လှစ်ချိန်သည် နေ့စဉ် နံနက် ၉ နာရီ ခွဲ အချိန်မှ ညနေ ၄ နာရီခွဲ အချိန် အထိ ဖြစ်သည်။နိုင်ငံသား တစ်ဦးလျှင် ကျပ် ၁၀၀၀ ၊ နိုင်ငံခြားသား တစ်ဦးလျှင် ကျပ် ၁၀၀၀၀ နှုန်းဖြင့် လက်မှတ်ဝယ်ယူ၍ လေ့လာကြည့်ရှုနိုင်ပြီး သံဃာ၊ သီလရှင်၊ ကျောင်းသား၊ ကျောင်းသူများမှာ ဝင်ကြေးအခမဲ့ ဖြစ်ကြောင်း သိရသည်။ 

news-view-count-icon

14