back

ဆန္ဒပြသူတွေကို ရန်သူ အဖြစ်သတ်မှတ်ပြီး နှိမ်နင်းမယ်လို့ အီရန်ရဲချုပ် သတိပေး

Mar 11 • 4:30 AM

breaking-news

Myanmar

International

cover

ဆန္ဒပြသူတွေကို ရန်သူ အဖြစ်သတ်မှတ်ပြီး နှိမ်နင်းမယ်လို့ အီရန်ရဲချုပ် သတိပေး

အီရန်ရဲချုပ် Ahmadreza Radan က လမ်းပေါ် ထွက်ပြီး အစိုးရကို ဆန့်ကျင်ဆန္ဒပြမယ့် အီရန်ပြည်သူတွေကို ရန်သူ အဖြစ် သတ်မှတ်ပြီး နှိမ်နင်း သွားမယ်လို့ သတိပေးလိုက်ပါတယ်။တ...

အီရန်ရဲချုပ် Ahmadreza Radan က လမ်းပေါ် ထွက်ပြီး အစိုးရကို ဆန့်ကျင်ဆန္ဒပြမယ့် အီရန်ပြည်သူတွေကို ရန်သူ အဖြစ် သတ်မှတ်ပြီး နှိမ်နင်း သွားမယ်လို့ သတိပေးလိုက်ပါတယ်။တကယ်လို့ တစုံတယောက်ဟာ ရန်သူ့ တိုက်တွန်းချက်နဲ့ ဆန္ဒပြမယ် ဆိုရင် ကျွန်တော်တို့က သူတို့ကို ဆန္ဒပြသူလို့ မသတ်မှတ်ပါဘူး။ သူတို့ကို ရန်သူ တယောက်လိုပဲ သဘောထားမှာဖြစ်ပြီး ရန်သူကို နှိမ်နင်း သလိုမျိုးပဲ တုံ့ပြန် ဆောင်ရွက်သွားမှာပါ" လို့ Radan က နိုင်ငံပို င်ရုပ်သံ ကနေ ပြောကြားခဲ့ပါတယ်။အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု က မတ်လ ၈ ရက်နေ့မှာ အီရန်ပြည်သူတွေ အနေနဲ့ လက်ရှိအစိုးရကို တော်လှန်ကြဖို့ တိုက်တွန်းပြီး နောက်မှာ အီရန်ရဲချုပ်က အခုလိုပြောလာတာပါ။

အီရန်နိုင်ငံမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်း ကတည်းက ဆန္ဒပြပွဲတွေ တောက်လျှောက်ဖြစ်နေခဲ့ပြီး အတွင်း အနည်းဆုံး လူပေါင်း ၇,၀၀၀ လောက် သတ်ဖြတ်ခံခဲ့ရတယ်လို့ လူ့အခွင့်အ‌ရေးအဖွဲ့အစည်းတွေက ဆိုပါတယ်။


news-view-count-icon

21