အမေရိကန်တွင် ၂၀၂၅ ခုနှစ်အတွင်း ဆိုလာစွမ်းအင် စနစ်အသစ်များ တပ်ဆင်မှုသည် ထိုမတိုင်ခင် ရှေ့နှစ်ကထက် လျော့နည်းလာကြောင်း လေ့လာမှုတစ်ခုက အင်္ဂါနေ့တွင် ဖော်ပြခဲ့ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်သူများအတွက် ထောက်ပံ့ကြေးများနှင့် အခွန်သက် သာခွင့် များကို သမ္မတ ဒေါ်နယ်ထရမ့်က ဖျက်သိမ်း ပြီးနောက် ကဏ္ဍတစ်ခုလုံးတွင် အေးစက်သွားသည်ကို ဖော်ပြနေကြောင်း Reuters သတင်းက ဆိုသည်။၂၀၂၄ ခုနှစ်တွင် ဂီဂါဝပ် ၅၀ နီးပါးရှိခဲ့သော နေရောင်ခြည်စွမ်းအင်ဈေးကွက်သည် ပြီးခဲ့သည့်နှစ်က စုစုပေါင်း ဂီဂါဝပ် ၄၃ (43 GW) ခန့်သာ စွမ်းအင်အသစ်ကို တပ်ဆင်ခဲ့ကြောင်း နေရောင်ခြည်စွမ်းအင် စက် မှုလုပ်ငန်းအသင်း (SEIA) နှင့် Wood Mackenzie တို့၏ လေ့လာမှုတစ်ခုအရ သိရသည်။အစိုးရ၏ One Big Beautiful Bill Act ဥပဒေကြောင့် ၂၀၂၅ ခုနှစ်အတွင်း နေရောင်ခြည်စွမ်းအင် တပ်ဆင်မှုများတွင် ၁၆ ရာခိုင်နူန်းကျဆင်းခဲ့ပြီး ရပ်ရွာနေရောင်ခြည်စွမ်းအင် စီမံကိန်းများတွင် ၂၅ ရာခိုင်နူန်း ကျဆင်းသွားခြင်းဖြင့် စက်မှုလုပ်ငန်းတစ်ခုလုံးကို အနှောင့်အယှက်ဖြစ်စေခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ဆိုလာလုပ်ငန်းသည် အခွန်ကောက်ခံမှုဖိအားများနှင့် လက်ရှိအစိုးရလက်ထက်တွင် စွမ်းအင်စီမံကိန်း ကြီးများအတည်ပြုခြင်းကို ယာယီရပ်တန့်ထားခြင်းများကိုလည်း ရင်ဆိုင်နေရပြီး ယင်းသည် ရေနံ၊ သဘာ ဝ ဓာတ်ငွေ့၊ ကျောက်မီးသွေးနှင့် နျူကလီးယားတို့ကို အာရုံစိုက်သည့် အစိုးရ၏ စွမ်းအင် မူဝါဒကို ထင်ဟပ်စေပြီး ဂျိုးဘိုင်ဒင်၏ သဘာဝပတ်ဝန်းကျင်မူဝါဒမှ ပြောင်းလဲမှုတစ်ခုအဖြစ် အမှတ်အသားပြုနေသည်။ ထရမ့်အစိုးရ၏ ပထမနှစ် နေရောင်ခြည်စွမ်းအင်နှင့် စွမ်းအင်သိုလှောင်မှုတွင် အသစ်တိုး လာသော စွမ်းရည်အသစ်များသည် ထပ်တိုးမှု၏ ၇၉% ရှိပြီး တပ်ဆင်မှု၏ သုံးပုံနှစ်ပုံကျော်သည် ၎င်းအနိုင်ရခဲ့ သော ပြည်နယ်များတွင် ဖြစ်ပေါ်ခဲ့သည်။ပြည်နယ်များအနက် တက္ကဆက်ပြည်နယ်သည် နေရောင်ခြည်စွမ်းအင်စွမ်းရည်အသစ် ၁၁ ဂီဂါဝပ်ဖြင့် ဦးဆောင်နေပြီး အင်ဒီယားနား၊ ဖလော်ရီဒါ၊ အရီဇိုးနား၊ အိုဟိုင်းယိုး၊ ယူတာနှင့် အာကင်ဆက်တို့က နောက်မှ လိုက်နေသည်။AI အတွက် အသုံးပြုသော ဒေတာစင်တာများ၏ လျှပ်စစ်လိုအပ်ချက် မြင့်တက်လာခြင်းကြောင့် လျှပ်စစ် လိုအပ်ချက်သည် စံချိန်တင်အဆင့်သို့ ရောက်ရှိလာနေရာ ဆိုလာစွမ်းအင်သည် စီးပွားရေးအရ ယှဉ်ပြိုင်နိုင်ဆဲ ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။အစီရင်ခံစာတွင် အမေရိကန်သည် ၂၀၃၆ ခုနှစ်အထိ ဆိုလာစွမ်းအင်အသစ် ၄၉၀ ဂစ်ဂါဝပ် ထပ်မံ တိုးချဲ့ နိုင်မည်ဖြစ်ပြီး စုစုပေါင်း တပ်ဆင်ထားသော ဆိုလာစွမ်းအင်သည် ၇၇၀ ဂစ်ဂါဝပ် နီးပါး သို့ ရောက်ရှိ လာမည် ဖြစ်သည်။



