၁၁.၃.၂၀၂၆ ရက်နေ့၊ ၀၉ နာရီဝဝ အချိန်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သားဖွားသင်တန်းကျောင်းတွင် မီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ခရိုင်မီးသတ်ဦးစီးမှူး ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် သားဖွားသင်တန်းကျောင်းရှိဆရာ၊ ဆရာမများ၊ သင်တန်းသူများအား မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ပါသည်။



