back

တိုက်ခိုက်မှုတွေအဆုံးသတ်တဲ့အထိ ရေနံ ပိတ်ဆို့မှု ဆက်လက် ပြုလုပ်မယ်လို့ အီရန် ပြော

Mar 11 • 3:42 AM

breaking-news

Myanmar

International

cover

တိုက်ခိုက်မှုတွေအဆုံးသတ်တဲ့အထိ ရေနံ ပိတ်ဆို့မှု ဆက်လက် ပြုလုပ်မယ်လို့ အီရန် ပြော

အမေရိကန်နဲ့ အစ္စရေးက ဆက်လက် တိုက်ခိုက်နေမယ်ဆိုရင် အရှေ့အလယ်ပိုင်း ဒေသကနေ ရေနံ တစ်လီတာမှ ပို့ဆောင်လို့ မရစေရဘူးလို့ အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့က မတ် ၁၀ ရက်မ...

အမေရိကန်နဲ့ အစ္စရေးက ဆက်လက် တိုက်ခိုက်နေမယ်ဆိုရင် အရှေ့အလယ်ပိုင်း ဒေသကနေ ရေနံ တစ်လီတာမှ ပို့ဆောင်လို့ မရစေရဘူးလို့ အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့က မတ် ၁၀ ရက်မှာ ပြောလိုက်ပါတယ်။အရေးကြီးတဲ့ စွမ်းအင်ထုတ်လုပ်ရာ ဒေသရဲ့ ပြည်ပ ကုန်တင်ပို့မှုကို ပိတ်ဆို့ထားရင် အီရန်ကို အခုထက် ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ခြိမ်းခြောက်ထားပါတယ်။အီရန် လုံခြုံရေးတပ်တွေက ခေါင်းဆောင်အသစ် မို့ဂျ်တာဘာနောက်မှာ စည်းစည်းလုံးလုံးရပ်တည်မယ့် လက္ခဏာတွေ မြင်နေရပြီး မကြာခင် ဦးညွှတ်မှာ မဟုတ်တဲ့ အခြေအနေတွေ မြင်တွေ့နေရတာကြောင့် ကမ္ဘာ့ ဘဏ္ဍာရေး ဈေးကွက် မတ် ၉ ရက်မှာ တက်လိုက်ကျလိုက် ဖြစ်ခဲ့ပါတယ်။အီရန် စစ်တပ် ကြီးကြီးမားမား ထိခိုက် ပျက်စီးအောင် အမေရိကန်က လုပ်ဆောင်နိုင်ခဲ့ကြောင်းနဲ့ စစ်ပွဲ သီတင်းလေးပတ်အတွင်း ပြီးမယ်လို့ ကနဦး စီစဉ်ထားတာထက် ပိုစောပြီး ပြီးဆုံး နိုင်တယ်လို့ ထရန့်က ပြောပါတယ်။

အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီက လိုအပ်သရွေ့ တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်ဖို့ ပြင်ဆင်ထားတယ်လို့ မတ် ၁၀ ရက်မှာ ပြောပါတယ်။



news-view-count-icon

27