back

ရန်ပွဲကို ဖြေရှင်းပေးတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကားနဲ့တိုက်ခံရပြီး တုတ်နဲ့ပါရိုက်ခံရလို့ နှစ်ယောက်သေဆုံး၊ နှစ်ယောက်ဒဏ်ရာရရှိခဲ့

Mar 11 • 3:00 AM

breaking-news

Myanmar

Yangon

cover

ရန်ပွဲကို ဖြေရှင်းပေးတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကားနဲ့တိုက်ခံရပြီး တုတ်နဲ့ပါရိုက်ခံရလို့ နှစ်ယောက်သေဆုံး၊ နှစ်ယောက်ဒဏ်ရာရရှိခဲ့

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ် (၁၂) ရပ်ကွက်၌ မတ်လ ၉ ရက်နေ့ညက ဖြစ်ပွားခဲ့သော ရန်ပွဲအား သွားရောက်ဖြန်ဖြေပေးသည့် ရွှေပေါက်ကံနယ်မြ...

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ် (၁၂) ရပ်ကွက်၌ မတ်လ ၉ ရက်နေ့ညက ဖြစ်ပွားခဲ့သော ရန်ပွဲအား သွားရောက်ဖြန်ဖြေပေးသည့် ရွှေပေါက်ကံနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်လေးဦးကို ရန်ဖြစ်ပွားသူများဘက်မှ ကားဖြင့်ဝင်တိုက်သည့်အပြင် သံတုတ်များဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့မှုကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးကာ နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်တွင် ကျူးလွန်သူဟု ယူဆရသည့် မြတ်ကိုကို အပါအဝင် ပါဝင်ပတ်သက်သူအချို့ကို ရဲစခန်း၌ ဖမ်းဆီးအရေးယူထားပြီး၊ ဒဏ်ရာရရှိသည့် ရဲတပ်ဖွဲ့ဝင်များကို မြောက်ဥက္ကလာပဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးနေရကြောင်းနှင့် ဖြစ်စဉ်အသေးစိတ်ကို သက်ဆိုင်ရာက ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

25