ထိုင်းနိုင်ငံမှ လက်ရွေးစင်ဖူဆယ်ကစားသမားဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ထိုင်းဖူဆယ်ကလပ် Tor O Sot အသင်းဟာ မြန်မာနိုင်ငံလာရောက်ပြီး မြန်မာဖူဆယ်ကလပ်တွေနဲ့ ခြေစမ်းကစားပါမယ်။
Tor O Sot အသင်းဟာ မတ်လ ၁၂ ရက်မှာ United City၊ မတ်လ ၁၃ ရက်မှာ YCDC Dream Team အသင်းတွေနဲ့ YCDC Marga Sports Complex မှာ ခြေစမ်းကစားမှာပဲ ဖြစ်ပြီး မတ်လ ၁၀ ရက် (ဒီနေ့) မှာ မြန်မာနိုင်ငံကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။Tor O Sot အသင်းဟာ ၂၀၂၂ ခုနှစ်မှ ဖူဆယ်လက်ရွေးစင်ဟောင်း ကစားသမားတွေနဲ့ ဖွဲ့စည်းထားပြီး အလွတ်တန်းပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်နေတာတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။



