ရုရှားသမ္မတ ဗလာဒီမာပူတင်က ၎င်းတို့နိုင်ငံအနေဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ထောက်ပံ့မှုတွင် ဥရောပနှင့် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိသော်လည်း ဥရောပနိုင်ငံများဘက်မှ နိုင်ငံရေးဖိအားများကင်းစင်သည့် ခိုင်မာသော ဆုံးဖြတ်ချက် လိုအပ်ကြောင်း ယမန်နေ့ (မတ်လ ၉ ရက်) တွင် ပြောကြားခဲ့သည်။ အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်နေချိန်တွင် ပူတင်က ယခုကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်ပြီး၊ ဥရောပသမဂ္ဂ (EU) အနေဖြင့် ၂၀၂၇ ခုနှစ်တွင် ရုရှားစွမ်းအင်များကို လုံးဝရပ်ဆိုင်းရန် စီစဉ်နေမှုအပေါ် စောင့်ဆိုင်းနေမည်မဟုတ်ဘဲ ရုရှား၏ စွမ်းအင်များကို အာရှ-ပစိဖိတ်ဒေသကဲ့သို့ ပိုမိုဆွဲဆောင်မှုရှိသော ဈေးကွက်သစ်များဆီသို့ တက်ကြွစွာ လမ်းကြောင်းပြောင်းသွားမည်ဖြစ်ကြောင်းနှင့် လက်ရှိတွင်လည်း ဟန်ဂေရီ၊ စလိုဗက်ကီးယားနှင့် အာရှနိုင်ငံများသို့ ယုံကြည်စိတ်ချရသော မိတ်ဖက်အဖြစ် ဆက်လက်ပံ့ပိုးပေးနေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
Mar 11 • 2:21 AM
Myanmar
International
Share
| 26 | 0 | 0 | 0 |


