back

အင်ဒိုနီးရှားမှာ အမှိုက်ပုံ ပြိုကျ၍ ‌ေသဆုံးသူ ၇ ဦးအထိရှိလာ

Mar 11 • 2:20 AM

breaking-news

Myanmar

International

cover

အင်ဒိုနီးရှားမှာ အမှိုက်ပုံ ပြိုကျ၍ ‌ေသဆုံးသူ ၇ ဦးအထိရှိလာ

အင်ဒိုနီးရှားနိုင်ငံ၏ အကြီးဆုံးအမှိုက်ပုံဖြစ်သော ဘန်တာဂဘန် (Bantar Gebang) တွင် တနင်္ဂနွေနေ့က အမှိုက်များပြိုကျမှုကြောင့် ပိတ်မိနေသူများအား ရှာဖွေရာတွင် နောက်ဆု...

အင်ဒိုနီးရှားနိုင်ငံ၏ အကြီးဆုံးအမှိုက်ပုံဖြစ်သော ဘန်တာဂဘန် (Bantar Gebang) တွင် တနင်္ဂနွေနေ့က အမှိုက်များပြိုကျမှုကြောင့် ပိတ်မိနေသူများအား ရှာဖွေရာတွင် နောက်ဆုံးသေဆုံးသူအလောင်းကို ထပ်မံတွေ့ရှိခဲ့သဖြင့် စုစုပေါင်းသေဆုံးသူ ၇ ဦးအထိ ရှိလာကြောင်း ဂျကာတာရှာဖွေရေးနှင့် ကယ်ဆယ်ရေးရုံးက မတ်လ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါပြိုကျမှုကြောင့် အမှိုက်ကောက်သူများ၊ ကားမောင်းသူများနှင့် ဈေးဆိုင်ပိုင်ရှင်များ ပိတ်မိခဲ့ရခြင်းဖြစ်ပြီး လက်ရှိတွင် ပျောက်ဆုံးနေသူ ထပ်မံမရှိတော့သဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ရပ်နားလိုက်ပြီဖြစ်ကြောင်း၊ ဤဖြစ်ရပ်သည် နေ့စဉ်အမှိုက်တန်ချိန် ၇,၀၀၀ ခန့် စွန့်ပစ်နေရသည့် အဆိုပါအမှိုက်ပုံ၏ ဝန်ပိုတင်ဆောင်မှုနှင့် ဘေးအန္တရာယ်ကြီးမားမှုကို ပြန်လည်မီးမောင်းထိုးပြလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

24