အဆိုတော်ပိုပို (ခ) ဒေါ်ဝတ်ရည်မိုးသည် ၎င်း၏အနုပညာလုပ်ငန်းများနှင့် ဂုဏ်သိက္ခာကို ထိခိုက်စေရန် ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ (Facebook, TikTok) နှင့် လူမှုပတ်ဝန်းကျင်အတွင်း မဟုတ်မမှန် သတင်းများ ရေးသားပြောဆိုခြင်းများကို ပြုလုပ်ပါက တည်ဆဲဥပဒေအရ ထိရောက်စွာ တရားစွဲဆို အရေးယူသွားမည်ဖြစ်ကြောင်း ရှေ့နေမှတစ်ဆင့် နိုင်ငံပိုင်သတင်းစာတွင် (မတ်လ ၁၀ ရက်) ၌ အသိပေးကြေညာလိုက်သည်။ ၎င်းသည် ဂီတလောကတွင် အမည်ကောင်းဖြင့် ရပ်တည်နေသူဖြစ်သည့်အတွက် အသရေဖျက်စေမည့် ပြုမူပြောဆိုမှုများကို လုံးဝ (လုံးဝ) မပြုလုပ်ရန်နှင့် ချိုးဖောက်ပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ထုတ်ပြန်ထားခြင်း ဖြစ်သည်။
ဂုဏ်သိက္ခာ ကျဆင်းစေရန်ရည်ရွယ်၍ မဟုတ်မမှန် သတင်းများ ပြောဆိုရေးသားပါက တရားစွဲဆိုသွားမည်ဟု အဆိုတော်ပိုပို ကြေညာ
Mar 11 • 2:16 AM
Myanmar
Yangon
Share
| 14 | 0 | 0 | 0 |


