မြန်မာ့နပန်းအားကစားနည်းတွင် နိုင်ငံတကာအဆင့်မီ နည်းပြနှင့် ဒိုင်လူကြီးများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အရည်အချင်းစစ် စာမေးပွဲပါဝင်သည့် နည်းပြ/ဒိုင်လူကြီး Level-1 သင်တန်းကို ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ၌ မတ်လ ၉ ရက်မှ ၁၃ ရက်အထိ (၅) ရက်ကြာ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။ အဆိုပါသင်တန်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လက်ရွေးစင်ကစားသမားဟောင်းများနှင့် ဝါသနာရှင် သင်တန်းသား/သင်တန်းသူ စုစုပေါင်း ၃၀ ဦး တက်ရောက်လျက်ရှိပြီး၊ ခေတ်မီနပန်းနည်းစနစ်များကို တိုင်းနှင့် ပြည်နယ်အဆင့်ဆင့်သို့ ပြန့်နှံ့ရောက်ရှိစေကာ နပန်းအားကစားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မြန်မာ့နပန်းအားကစား အဆင့်အတန်းမြင့်မားလာစေရေး အရည်အချင်းစစ် စာမေးပွဲပါဝင်သည့် နည်းပြ/ဒိုင်လူကြီး သင်တန်း ဖွင့်လှစ်
Mar 11 • 2:15 AM
Myanmar
Yangon
Share
| 13 | 0 | 0 | 0 |


