back

ထိုင်းနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ပြီး မြန်မာနိုင်ငံအတွင်းတရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားတစ်ဦးကို ကျိုက်ထိုတွင်ဖမ်းမိ

Mar 11 • 2:05 AM

breaking-news

Myanmar

International

cover

ထိုင်းနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ပြီး မြန်မာနိုင်ငံအတွင်းတရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားတစ်ဦးကို ကျိုက်ထိုတွင်ဖမ်းမိ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ၂၀၂၄ ခုနှစ်မှစ၍ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီး ပတ်စ်ပို့နှင့် ဗီဇာများ သိမ်းဆည်းခံထားရသည့် တရုတ်နိုင်င...

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ၂၀၂၄ ခုနှစ်မှစ၍ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီး ပတ်စ်ပို့နှင့် ဗီဇာများ သိမ်းဆည်းခံထားရသည့် တရုတ်နိုင်ငံသား Mr. Jiang Xiaoqiang ဆိုသူသည် ၂၀၂၆ ခုနှစ်၊ မတ်လအတွင်း သောင်ရင်းမြစ်ကို စက်လှေဖြင့်ဖြတ်ကာ မြန်မာနိုင်ငံ၊ မြဝတီမြို့သို့ တရားမဝင် ဝင်ရောက်လာခဲ့ပြီးနောက် ၎င်းအားထိန်းသိမ်းထားသည့်နေရာမှ အစောင့်ကို ထိုးကြိတ်ထွက်ပြေးလာစဉ် မတ်လ ၉ ရက်နေ့က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးရမိခဲ့ကြောင်းနှင့် လက်ရှိတွင် ၎င်းအား မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ပုဒ်မ ၃(၁) အရ အရေးယူနိုင်ရန် ထိန်းသိမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

12