လာအိုနိုင်ငံ၊ လောင်ဖရာဘန်မြို့ရှိ ဝပ်မဟာသက်ဘုန်းတော်ကြီးကျောင်းတွင် မတ်လ ၁၁ ရက်မှ ၁၅ ရက်အထိ တရားစခန်းဖွင့်လှစ်ပို့ချပေးရန်အတွက် အောင်ဆန်းဆရာတော်ကြီးနှင့်အဖွဲ့သည် ယနေ့ မတ်လ ၁၀ ရက် နံနက်ပိုင်းတွင် လောင်ဖရာဘန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကို၊ မြန်မာ-လာအိုချစ်ကြည်ရေးအသင်း တာဝန်ရှိသူများနှင့် ဒေသခံဆရာတော်များက ကြိုဆိုခဲ့ကြပြီးနောက် ဝပ်ဖာအိုကျောင်းသို့ ပင့်ဆောင်ကာ သာသနာရေးဆိုင်ရာများ လျှောက်ထားဆွေးနွေးခဲ့ကြကြောင်းနှင့် မြန်မာ-လာအိုချစ်ကြည်ရေးအသင်းမှ ဝတ္ထုငွေ ဘတ် ၅,၀၀၀ ကိုလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။
| 22 | 0 | 0 | 0 |


