၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် မွန်းလွဲ ၁ နာရီ ၇ မိနစ်အချိန်တွင် မိတ္ထီလာမြို့၊ ရန်မျိုးအောင်ရပ်ကွက်၌ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ အဆိုပါမီးလောင်မှုကို မိတ္ထီလာခရိုင်နှင့် မြို့နယ်မီးသတ်စခန်းများမှ မီးသတ်ယာဉ် (၆) စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မိနစ် ၂၀ ကျော်အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ လက်ရှိတွင် မီးလောင်ရသည့် အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများကို တာဝန်ရှိသူများက ဆက်လက်စစ်ဆေးလျက်ရှိသည်။



