back

မင်္ဂလာဒုံမြို့နယ်တွင် ငွေကျပ်သိန်း ၁,၇၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနဲ့အတူတရားခံများ ဖမ်းဆီးရမိ

Mar 10 • 5:47 AM

breaking-news

Myanmar

Yangon

breaking-news
cover

မင်္ဂလာဒုံမြို့နယ်တွင် ငွေကျပ်သိန်း ၁,၇၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနဲ့အတူတရားခံများ ဖမ်းဆီးရမိ

မတ်လ ၇ ရက်နေ့ ၁၂နာရီ၀၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မင်္ဂလာဒုံမြို့နယ်၊ ...

မတ်လ ၇ ရက်နေ့ ၁၂နာရီ၀၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်းရှိ ကားဂိတ်တွင် ပစ္စည်းလာရောက်ထုတ်ယူသူ တင်ဝင်း(ခ)အာရာဖတ် နှင့် စိုးနိုင်(ခ) ဆောလိမ် တို့အား စစ်ဆေးရှာဖွေရာ ၎င်းတို့ထုတ်ယူလာသည့် လေထိုးစက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁,၇၀၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် တင်ဝင်း(ခ)အာရာဖတ်(၃၄)နှစ် နှင့် စိုးနိုင်(ခ)ဆောလိမ်(၂၅)နှစ်တို့အား မင်္ဂလာဒုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိပါတယ်။


news-view-count-icon

31