back

ဧရာဝတီတိုင်း၊မအူပင်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန (၁၀)ခုဖြင့် ကျောင်းသား၊ ကျောင်းသူ (၂၀၀၀)ကျော် ဝင်ရောက်ဖြေဆိုမည်

Mar 10 • 4:27 AM

breaking-news

Myanmar

Ayeyarwady

breaking-news
cover

ဧရာဝတီတိုင်း၊မအူပင်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန (၁၀)ခုဖြင့် ကျောင်းသား၊ ကျောင်းသူ (၂၀၀၀)ကျော် ဝင်ရောက်ဖြေဆိုမည်

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်တွင် လာမည့် မတ်လ (၁၁)ရက်တွင် စတင်ကျင်းပမည့် ၂၀၂၅- ၂၀၂၆ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း (G12) စာမေးပွဲအား စာစစ်ဌာန (၁၀)ခု ဖွင့်လှစ်က...

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်တွင် လာမည့် မတ်လ (၁၁)ရက်တွင် စတင်ကျင်းပမည့် ၂၀၂၅- ၂၀၂၆ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း (G12) စာမေးပွဲအား စာစစ်ဌာန (၁၀)ခု ဖွင့်လှစ်ကာ ကျောင်းသားကျောင်းသူ (၂,၀၀၀)ကျော်မှ ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

"စာစစ်ဌာနကတော့ တစ်မြို့နယ်လုံး (၁၀)ခုရှိတယ်၊ ဖြေဆိုမယ့်ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၀၉၈)ဦးရှိပါတယ်"ဟု မြို့နယ်ပညာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။၂၀၂၅ - ၂၀၂၆ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း Grade 12 စာမေးပွဲကို ဧရာဝတီတိုင်းဒေသကြီးတွင် စာစစ်ဌာန (၂၄၇) ခု ၊ ကျောင်းသားကျောင်းသူ (၃၉,၃၂၇)ဦးမှ ဝင်ရောက်ဖြေဆိုမည်ဖြစ်ကာ တစ်နိုင်ငံလုံးတွင် စာစစ်ဌာနပေါင်း (၈၉၀)၌ ကျောင်းသားကျောင်းသူ (၂၆၅,၀၀၀)မှ ဖြေဆိုသွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ပညာရေးဦးစီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။

news-view-count-icon

17