၂၀၂၆ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို မတ်လ ၉ ရက်နေ့တွင် ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါသင်တန်းတွင် ဘောလုံး၊ ကရာတေး၊ လက်ဝှေ့၊ မြန်မာ့သိုင်း အပါအဝင် အားကစားနည်း (၉) မျိုးကို မတ်လ ၉ ရက်မှ ၃၀ ရက်အထိ သင်ကြားပေးသွားမည်ဖြစ်သည်။ ဝန်ကြီးချုပ်က အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်၏ ဂုဏ်ကိုမြှင့်တင်ပေးခြင်းဖြစ်ပြီး စည်းလုံးညီညွတ်မှုကို ဖြစ်ပေါ်စေကြောင်း တိုက်တွန်းပြောကြားခဲ့သည်။ သင်တန်းများကို ပဲခူးမြို့ရှိ ဟံသာဝတီဘောလုံးကွင်း၊ တိုင်းဒေသကြီးလူငယ်စင်တာနှင့် အားကစားခန်းမ အသီးသီး၌ ခွဲခြားသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Mar 10 • 4:26 AM
Myanmar
Bago
Share
| 21 | 0 | 0 | 0 |


