ထိုင်းနိုင်ငံ၊ နာရာသီဝပ်ပြည်နယ်နဲ့ မလေးရှားနိုင်ငံ၊ ကီလန်တန်ပြည်နယ်တို့အကြား တရားမဝင်ရေလမ်းဖြတ်ကျော်မှုတွေကို တားဆီးပိတ်ပင်ဖို့ ထိုင်းနိုင်ငံက လုံခြုံရေးခြံစည်းရိုးများ တပ်ဆင်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ဒီအစီအစဉ်က အခုအခါ တရားမဝင်ဆိပ်ကမ်းတွေကို ဖြိုဖျက်ထားတဲ့ ဂိုလော့မြစ်ကမ်းတစ်လျှောက်ရှိ နေရာတွေမှာ သံဆူးကြိုးခြံစည်းရိုးတွေ တပ်ဆင်ခဲ့တဲ့ မလေးရှားလုံခြုံရေးအာဏာပိုင်တွေရဲ့ လုပ်ဆောင်ချက်ကို နမူနာယူဆောင်ရွက်တာလည်း ဖြစ်ပါတယ်။



