back

လားရှိုးမှာ ဓါတ်ဆီတလီတာ ပြင်ပပေါက်ဈေး ကျပ်တသောင်းဝန်းကျင် ဖြစ်နေလို့ ဈေးတင်မရောင်းဖို့ လိုက်လံသတိပေး

Mar 09 • 12:33 PM

breaking-news

Myanmar

Shan

cover

လားရှိုးမှာ ဓါတ်ဆီတလီတာ ပြင်ပပေါက်ဈေး ကျပ်တသောင်းဝန်းကျင် ဖြစ်နေလို့ ဈေးတင်မရောင်းဖို့ လိုက်လံသတိပေး

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အတွင်းမှာ စက်သုံးဆီ ပြင်ပပေါက်ဈေး တလီတာကို ကျပ်တသောင်းကျော် ဈေးနှုန်းနဲ့ ရောင်းချနေကြလို့ ဈေးနှုန်းတွေ အဆမတန် တင်မရောင်းဖို့...

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အတွင်းမှာ စက်သုံးဆီ ပြင်ပပေါက်ဈေး တလီတာကို ကျပ်တသောင်းကျော် ဈေးနှုန်းနဲ့ ရောင်းချနေကြလို့ ဈေးနှုန်းတွေ အဆမတန် တင်မရောင်းဖို့ အာဏာပိုင်တွေက လိုက်လံသတိပေး နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ဈေးတင်ရောင်းနေတဲ့ ပြင်ပဆိုင်တွေကို အာဏာပိုင်တွေက လိုက်ပြီး စစ်ဆေး နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။လားရှိုးမြို့ပေါ်က စက်သုံးဆီဆိုင်တွေအနေနဲ့ မနက်၊ ည အလှည့်ကျ အချိန် ကန့်သတ် ချက်နဲ့ ဖွင့်ထားပြီး စက်သုံးဆီကိုလည်း အကန့်အသတ်နဲ့ပဲ ရောင်း ချပေးနေတယ်လို့ သိရပါတယ်။လမ်းမတွေပေါ်မှာ ဆီတန်းစီတဲ့ လူတွေနဲ့ ပြည့်နေတာကြောင့် ယာဉ်မောင်း တွေနဲ့ စက်သုံးဆီ တန်းစီတဲ့သူတွေကြား ပဋိပက္ခမဖြစ်အောင် ယာဉ်ထိန်း တပ်ဖွဲ့ဝင်တွေက ကြားဝင်ဖြေရှင်းပေးနေတာမျိုးလည်း တွေ့ရတယ်လို့ မြို့ခံတချို့က ပြောပါတယ်။




news-view-count-icon

13