back

ပြည်မြို့ ဗိုလ်ချုပ်လမ်းပေါ်က ဆိုင်တွေကို သင်္ကြန်အတွက် ငွေ (၅) သောင်းကောက်

Mar 09 • 12:32 PM

breaking-news

Myanmar

Bago

cover

ပြည်မြို့ ဗိုလ်ချုပ်လမ်းပေါ်က ဆိုင်တွေကို သင်္ကြန်အတွက် ငွေ (၅) သောင်းကောက်

ယမန်နေ့မတ်လ ၈ ရက်နံနက် ၁၁ နာရီခန့်က ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ် ဗိုလ်ချုပ်လမ်းပေါ်မှာ ဖွင့်လှစ်ထားတဲ့ ဈေးဆိုင်ခန်းတွေကို သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ဖို့ ငွ...

ယမန်နေ့မတ်လ ၈ ရက်နံနက် ၁၁ နာရီခန့်က ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ် ဗိုလ်ချုပ်လမ်းပေါ်မှာ ဖွင့်လှစ်ထားတဲ့ ဈေးဆိုင်ခန်းတွေကို သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ဖို့ ငွေလိုက်ကောက်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ပုံမှန်ဆိုင်တွေကို (၁) ဆိုင် (၅) သောင်းကျပ် စာရွက်တွေနဲ့ လိုက်ကောက်တာဖြစ်ပြီး လုပ်ငန်းရှင်၊ ရင်းနှီးမြှပ်နှံမှုများတဲ့ ဆိုင်တွေကိုတော့ ဒီထက်မက ပိုတောင်းနိုင်တယ်လို့လည်း ဆိုပါတယ်။ယမန်နှစ်ကလည်း အလားတူ (၅) သောင်းကျပ်ကောက်ခံခဲ့ပြီး ဖြစ်မလာပေမဲ့ ငွေကိုတော့ပြန်မပေးဘူးလို့ သိရပါတယ်။ပြည်မြို့မှာ ရပ်ကွက်အလိုက် သင်္ကြန်မဏ္ဍပ်နဲ့ ယိမ်းတွေကို ပြုလုပ်လေ့ရှိပြီး မြို့နယ် ဗဟိုမဏ္ဍပ်မှာ သွားရောက်ဖျော်ဖြေ ပြိုင်ပွဲဝင်ကြ ရပါတယ်။



news-view-count-icon

31