ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ စက်သုံးဆီဆိုင်များ၌ မြဝတီဘက်မှယာဉ်အများအပြား လာရောက်ဆီဖြည့်မှုများရှိခဲ့ပြီးနောက် မြန်မာယာဉ်များ ဆီမဖြည့်ပေးတော့ကြောင်း ယနေ့နံနက်တွင် ကြေညာထားကြကြောင်း သိရသည်။မြန်မာဘက်ခြမ်းမှယာဉ်များ ဆီထည့်မှုများသည့် မဲဆောက်ဈေးအနီး NORTH ဆိုင်၌ မြန်မာနံပါတ်ယာဉ်များအား ဆီမဖြည့်ပေးသည်မှာ ၃ ရက်မြောက်ရှိလာပြီး သူဌေးက ဖုန်းဆက်ပြောဆိုလာ၍ မထည့်ပေးတော့ခြင်းဖြစ်ကြောင်း ယင်း ဆီဆိုင်ဝန်ထမ်းတဦးက ပြောသည်။ထို့ပြင် ထိုင်း-မြန်မာ နယ်စပ်ဖြတ်ကျော် အမှတ် ၁ ချစ်ကြည်ရေးတံတားနှင့်အနီးဆုံး PTT ဆိုင်တွင်လည်း ယမန်နေ့ နံနက်မှစ၍ မြန်မာကားများအား ဆီမဖြည့်ပေးတော့ကြောင်း၊ မည်သည့်ရက်တွင် ပြန်ထည့်နိုင်မည်ကို မသိရသေးကြောင်း ဆိုင်ဝန်ထမ်းတဦးက ဆိုသည်။
Mar 09 • 4:28 AM
Thailand
Local News
Share
| 45 | 0 | 0 | 0 |


