back

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ (၈၁)နှစ်မြောက်၊ တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်တော်ယာဉ်ရောင်းဝယ်ရေးစင်တာဖွင့်ပွဲ ကျင်းပ

Mar 09 • 1:35 AM

breaking-news

Myanmar

Sagaing

cover

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ (၈၁)နှစ်မြောက်၊ တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်တော်ယာဉ်ရောင်းဝယ်ရေးစင်တာဖွင့်ပွဲ ကျင်းပ

(၈၁)နှစ်မြောက်၊ တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်ရှိ မြေဧက-၃.၉၂ ဧကအကျယ်၌ တည်ဆောက်ခဲ့သည့် မော်တော်ယာ...

(၈၁)နှစ်မြောက်၊ တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်ရှိ မြေဧက-၃.၉၂ ဧကအကျယ်၌ တည်ဆောက်ခဲ့သည့် မော်တော်ယာဉ်ရောင်းဝယ်ရေးစင်တာဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(အလုံ)မှ ဘင်ခရာ/ပန်းပွားအဖွဲ့၏ တီးမှုတ်ကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မော်တော်ယာဉ်ရောင်းဝယ်ရေးစင်တာအတွင်းရှိ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်အရောင်းဆိုင်များ၊ အပိုပစ္စည်းဆိုင်များ၊ ကားအလှဆင်ပစ္စည်းအရောင်းဆိုင်များ၊ ရေဆေးဆီလိုက်လုပ်ငန်းဆိုင်များ၊ စားသောက်ဆိုင်များ ခင်းကျင်းပြသရောင်းချနေမှုများနှင့် ရောင်းချမည့် မော်တော်ယာဉ်များအား လိုက်လံကြည့်ရှုခဲ့ကြပြီး လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

news-view-count-icon

14