back

မကွေးတိုင်း၊စလင်းမြို့နယ်တွင်နွေရာသီကျောင်းပိတ်ရက်ယဥ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်

Mar 09 • 1:23 AM

breaking-news

Myanmar

Magway

cover

မကွေးတိုင်း၊စလင်းမြို့နယ်တွင်နွေရာသီကျောင်းပိတ်ရက်ယဥ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စလင်းမြို့တွင် ၂၀၂၆ ခုနှစ်၊ နွေရာသီကျောင်းပိတ်ရက်ကာလ၌၊ ကျောင်းသား ကျောင်းသူများအား၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်...

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စလင်းမြို့တွင် ၂၀၂၆ ခုနှစ်၊ နွေရာသီကျောင်းပိတ်ရက်ကာလ၌၊ ကျောင်းသား ကျောင်းသူများအား၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ယဉ်ကျေးလိမ္မာသော လူငယ်များ ဖြစ်လာစေရေး ရည်ရွယ် ၍၊စလင်းမြို့ပေါ်(၈)ရပ်ကွက်နှင့် မြို့နယ်အတွင်းရှိ ကျေးရွာ များမှ ကျောင်းသား/ ကျောင်းသူ ကလေးငယ်များစုစုပေါင်း (၁၀၀)ဦးကျော်အား၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ပတ္တမြားခန်းမ၌ ယဥ်ကျေးလိမ္မာသင်တန်းအား သင်ကြားပို့ ချပေးလျက်ရှိကြောင်း သိရသည် အဆိုပါ ယဉ်ကျေးလိမ္မာ(ပထမအဆင့်)သင်တန်းကို မတ်လ ၃ရက်နေ့မှ စတင်သင်ကြားလျက်ရှိပြီး မတ်လ ၃၀ရက် အထိ နေ့စဉ် နံနက် ၈ နာရီမှ ၁၂နာရီအထိ ဖွင့်လှစ်သင်ကြား ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

24