back

ထိုင်းနိုင်ငံဘက်တွင် လျှပ်စစ်ဓါတ်အားလိုင်း ပြင်ဆင်မွန်းမံရန်အတွက် မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားမှ ဖြတ်သန်းသွားလာခွင့် ခေတ္တဆိုင်းငံ့

Mar 08 • 5:34 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံဘက်တွင် လျှပ်စစ်ဓါတ်အားလိုင်း ပြင်ဆင်မွန်းမံရန်အတွက် မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားမှ ဖြတ်သန်းသွားလာခွင့် ခေတ္တဆိုင်းငံ့

ထိုင်းနိုင်ငံဘက်တွင် လျှပ်စစ်ဓါတ်အားလိုင်း ပြင်ဆင်မွန်းမံရန်အတွက် မြန်မာ -ထိုင်းနယ်စပ်၊ မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားမှ ဖြတ်သန်းသွားလာခွင့်ကို ခေတ္တဆိ...

ထိုင်းနိုင်ငံဘက်တွင် လျှပ်စစ်ဓါတ်အားလိုင်း ပြင်ဆင်မွန်းမံရန်အတွက် မြန်မာ -ထိုင်းနယ်စပ်၊ မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားမှ ဖြတ်သန်းသွားလာခွင့်ကို ခေတ္တဆိုင်းငံ့ ထားကြောင်း သိရသည်။လျှပ်စစ်ဓါတ်အားလိုင်း ပြင်ဆင်မွမ်းမံမည်ဖြစ်၍ မတ်လ ၈ ရက် နံနက် ၈ နာရီမှ မွန်းလွဲ ၁ နာရီအထိ မဟာလျှပ်စစ်ဓါတ်အားလိုင်းများကို ဖြတ်တောက်မည်ဖြစ်ပါသောကြောင့် မြန်မာနိုင်ငံကူးလက်မှတ် (Passport)နှင့် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP) ဖြင့် ဝင်ရောက်ခြင်းအား ခေတ္တဆိုင်းငံ့ထားမည်ဖြစ်ပါကြောင်း ချစ်ကြည်ရေးတံထိပ်၌ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ပြည်နယ်လျှပ်စစ်ဌာနမှ ကြေငြာထားသည်။လျှပ်စစ်မီး ပြန်လည်ရရှိပါက ပုံမှန်အတိုင်း ဝင်/ထွက်သွားလာမှုကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ခရီးသွားပြည်သူများ သိရှိစေရန် ချစ်ကြည်ရေးတံတား အမှတ်(၁) ထိပ်၌ အသိပေးကြေငြာထားသည်။


news-view-count-icon

40