back

ယူ‌အေအီးမှ တောင်ကိုရီးယားနိုင်ငံသားများကို စင်းလုံးငှားလေယာဉ်ဖြင့် ခေါ်ယူ

Mar 08 • 5:06 AM

breaking-news

South Korea

Local News

cover

ယူ‌အေအီးမှ တောင်ကိုရီးယားနိုင်ငံသားများကို စင်းလုံးငှားလေယာဉ်ဖြင့် ခေါ်ယူ

အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများ ပြင်းထန်လာပြီး အိမ်နီးချင်းနိုင်ငံများသို့ပါ ရိုက်ခတ်လာခြင်းကြောင့် ယူအေအီးနိုင်ငံရောက် တောင်ကိုရီးယားနိ...

အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများ ပြင်းထန်လာပြီး အိမ်နီးချင်းနိုင်ငံများသို့ပါ ရိုက်ခတ်လာခြင်းကြောင့် ယူအေအီးနိုင်ငံရောက် တောင်ကိုရီးယားနိုင်ငံသား ၂၉၀ ခန့်ကို စင်းလုံးငှားလေယာဉ်ဖြင့် မိခင်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ရန် တောင်ကိုရီးယားအစိုးရက စီစဉ်လျက်ရှိသည်။ အဆိုပါ နိုင်ငံသားများကို တင်ဆောင်လာမည့် အီတီဟတ်လေကြောင်းလိုင်း (Etihad Airways) လေယာဉ်သည် လာမည့်တနင်္ဂနွေနေ့တွင် ယူအေအီးမှ ထွက်ခွာမည်ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် နာမကျန်းသူများ၊ ကိုယ်ဝန်ဆောင်များနှင့် ကလေးငယ်များကို ဦးစားပေးခေါ်ယူသွားမည်ဖြစ်ပြီး၊ ဒေသတွင်း၌ ရောက်ရှိနေသည့် တောင်ကိုရီးယားနိုင်ငံသား ၂ သောင်းခန့်၏ လုံခြုံရေးအတွက်ပါ ဆက်လက်စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

6