လက်ရှိတွင် အွန်လိုင်း၌ စက်သုံးဆီပြတ်တော့မည်ဟု သတင်းအမှားများ ပျံ့နှံ့နေသော်လည်း ပြည်တွင်းရှိ စက်သုံးဆီဆိုင်များမှာ ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချပေးလျက် ရှိသည်။ အစိုးရ၏ ထုတ်ပြန်ချက်အရ လက်ရှိတွင် ရက်ပေါင်း (၄၀) စာအတွက် အရန်စက်သုံးဆီ အလုံအလောက်ရှိသည့်အပြင် ဆီတင်သင်္ဘောများလည်း ပုံမှန်ဝင်ရောက်နေကြောင်း သိရသည်။ ပြည်သူများအနေဖြင့် ကောလာဟလများကြောင့် အလန့်တကြား ဝယ်ယူစုဆောင်းခြင်းများ မပြုလုပ်ရန်နှင့် မလိုအပ်ဘဲ ဆီဝယ်လှောင်ခြင်းသည် မီးဘေးအန္တရာယ်ကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်စေနိုင်ကြောင်း သတိပေးထားသည်။ ဆီဆိုင်များမှ ရောင်းချပေးခြင်းမရှိပါက သက်ဆိုင်ရာဌာနများသို့ တိုင်ကြားနိုင်ပြီး ဈေးကစားလိုသူများ၏ လှုံ့ဆော်မှုနောက်သို့ မပါသွားကြရန် တိုက်တွန်းထားပါသည်။
Mar 08 • 5:00 AM
Myanmar
Kachin
Share
| 17 | 0 | 0 | 0 |


