back

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မင်းလှမြို့ နယ်မှ ကျောင်းသား၊ ကျောင်းသူ(၇၉၉)ဦးဝင်ရောက်ဖြေဆိုမည်

Mar 08 • 4:54 AM

breaking-news

Myanmar

Local

breaking-news
cover

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မင်းလှမြို့ နယ်မှ ကျောင်းသား၊ ကျောင်းသူ(၇၉၉)ဦးဝင်ရောက်ဖြေဆိုမည်

လာမည့် မတ် ၁၁ ရက်တွင်စတင်ကျင်းပမည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မကွေးတိုင်း၊ မင်းလှမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ(၇၉၉)ဦးဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သ...

လာမည့် မတ် ၁၁ ရက်တွင်စတင်ကျင်းပမည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မကွေးတိုင်း၊ မင်းလှမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ(၇၉၉)ဦးဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းတွင်းဖြေအဖြစ် ကျောင်းသား၊ ကျောင်းသူ(၅၉၃)ဦး၊ ပြင်ပဖြေအဖြစ် ကျောင်းသား၊ ကျောင်းသူ(၂၀၆)ဦး(စုစုပေါင်း ၇၉၉ ဦး)ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။ထိုသို့ ဝင်ရောက်ဖြေဆိုရန် မြို့နယ်အတွင်း၌ဖွင့်လှစ်မည့် စာစစ်ဌာနများ၌ စာမေးပွဲခန်းအတွင်းရှိ စာဖြေခုံများကောင်းမွန်မှုရှိ/မရှိ၊ စာမေးပွဲဖြေဆိုချိန်အတွင်း သန့်ရှင်းသောသောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးမ ပြတ်တောက်စေရေး၊ လုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိပါတယ်။

news-view-count-icon

28