ဒေါသလေးတစ်ချက် ထွက်လိုက်တာနဲ့ သွေးကြောတွေ တောင့်တင်းစေကာ သွေးလည်ပတ်မှု အားနည်းပြီး နှလုံးဖောက်ခြင်း လေဖြတ်ခြင်းတို့ ဖြစ်နိုင်ခြေများတယ်လို့ တွေ့ရှိထားပါတယ်။ ၈ မိနစ်တာလောက် ဒေါသထွက်ရင်တောင် သွေးကြောချဲ့နိုင်စွမ်း တဝက်နီးပါးလောက် လျော့ကျသွားကာ နောက်ထပ် မိနစ် ၄၀ လောက်အထိ ကြာမြင့်နိုင်ပါတယ်။ မကြာခဏ ဒေါသထွက်ခြင်းက အချိန်ကြာလာရင် နှလုံးသွေးကြောပြဿနာတွေနဲ့ ပတ်သက်လာနိုင်တယ်လို့ ယူဆရပါတယ်။ ကျန်းမာရေးကောင်းတဲ့ လူပေါင်း ၂၈၀ ကို အမေရိကန်အဖွဲ့အစည်း အများအပြားက လေ့လာခဲ့ကြပါတယ်။ အဖွဲ့လေးဖွဲ့ခွဲကာ ၈ မိနစ်ကြာအောင် ဒေါသထွက်စရာ စိုးရိမ်စရာ ဝမ်းနည်းစရာ အမှတ်တရတွေကို ပြန်စဉ်းစားခိုင်းသလို စိတ်ကိုပုံမှန်အတိုင်းပဲ နေခိုင်းပါသေးတယ်။ 
Mar 08 • 4:46 AM
Myanmar
Local
Share
| 29 | 0 | 0 | 0 |


