အရှေ့အလယ်ပိုင်းတွင် အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့အကြား စစ်ရေးတင်းမာမှုများ ပြင်းထန်လာပြီး ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ပိတ်ဆို့လာနိုင်သဖြင့် ထိုင်းနိုင်ငံအတွင်း လောင်စာဆီပြတ်လပ်မှုကို ကာကွယ်ရန် ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်က လောင်စာဆီနှင့် LPG တင်ပို့မှုများကို ယာယီပိတ်ပင်လိုက်သည်။ အမိန့်အမှတ် ၂/၂၀၂၆ အရ ဓာတ်ဆီ၊ ဒီဇယ်နှင့် လေယာဉ်ဆီ အပါအဝင် သန့်စင်ပြီးလောင်စာအားလုံး တင်ပို့မှုကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်သော်လည်း အိမ်နီးချင်းနိုင်ငံများဖြစ်သည့် မြန်မာနှင့် လာအိုနိုင်ငံသို့ တင်ပို့မှုများကိုမူ ခြွင်းချက်အနေဖြင့် ကင်းလွတ်ခွင့်ပေးထားကြောင်း သိရသည်။ ထို့ပြင် ထိုင်းနိုင်ငံ၏ အရည်အသွေးစံနှုန်းနှင့် မကိုက်ညီသောကြောင့် ပြည်တွင်း၌ ရောင်းချ၍မရသော ဆီများနှင့် စာချုပ်ချုပ်ဆိုပြီးသား သိုလှောင်ရုံများမှ ဆီများကိုလည်း တင်ပို့ခွင့် ဆက်လက်ခွင့်ပြုထားကြောင်း တော်ဝင်ပြန်တမ်းတွင် ဖော်ပြထားသည်။
Mar 08 • 3:31 AM
Thailand
Local News
Share
| 16 | 0 | 0 | 0 |


