ကရင်နီပြည်တွင် အောက်စျေးနှိုက်ကာ အမြင့်စျေးဖြင့် ဆီရောင်းဝယ်နေမှုဂယက်ကြောင့် ပစ်ခတ်မှုများပါ ဖြစ်ပွားလာခဲ့ပြီဖြစ်ကြောင်း ဆီကုန်သည်များနှင့် ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့ ည ၁ နာရီ ၃၀ မိနစ်ကလည်း ဒေါတဝီလမ်းမကြီးပေါ်ရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်အနီးတွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး၊ အခင်းဖြစ်ပွားရာ ဆီဆိုင်များအား မေးမြန်းရာတွင် ခွေးပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖြေကြားသည်။



