ကမ္ဘာ့နိုင်ငံရေးအခြေအနေအရ စက်သုံးဆီချွေတာရန်အတွက် မတ်လ ၇ ရက်မှစတင်၍ အိမ်စီးကားများကို စုံ/မ စနစ်ဖြင့် တစ်လှည့်စီ မောင်းနှင်ခွင့်ပြုထားသော်လည်း စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများနှင့် ကျောင်းကြို/ပို့ယာဉ်များ၊ ကုန်စည်ဖြန့်ဖြူးရေးယာဉ်များကိုမူ နေ့စဉ်မောင်းနှင်ခွင့်ပြုမည်ဖြစ်ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်လိုက်သည်။ သို့သော် အဆိုပါယာဉ်များသည် ၎င်းလုပ်ငန်းများအတွက် အမှန်တကယ်အသုံးပြုနေခြင်းဖြစ်ကြောင်း သက်ဆိုင်ရာဌာန သို့မဟုတ် အလုပ်ဌာနများ၏ ခိုင်လုံသည့် အထောက်အထား သို့မဟုတ် ထောက်ခံချက်များ ယာဉ်ပေါ်တွင် ပါရှိရမည်ဖြစ်သည်။ ထို့ပြင် အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်များ၊ Taxi များ၊ ဆီသယ်ယာဉ်များ၊ လူနာတင်ယာဉ်များနှင့် EV ယာဉ်/ဆိုင်ကယ်များမှာလည်း နေ့စဉ်ပုံမှန် မောင်းနှင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
စက်ရုံ၊ အလုပ်ရုံနှင့် ကျောင်းကြို/ပို့ယာဉ်များ နေ့စဉ်မောင်းနှင်နိုင်ရန် ခိုင်လုံသည့် ထောက်ခံချက်ပါရှိရမည်ဟု ထုတ်ပြန်
Mar 07 • 8:17 AM
Myanmar
Yangon
Share
| 21 | 0 | 0 | 0 |


