၂၀၂၆ ခုနှစ်၊ မတ်လ (၆)ရက်နေ့က
ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ် ၌ ၅ နှစ်အောက် ကလေးငယ်များအား ကျန်းမာရေးဝန်ထမ်းများက ဘီတာမင်အေ၊ သံချဆေး နှင့် ပိုလီယိုကာကွယ်ဆေးများ ထပ်ဆောင်းတိုက်ကျွေးရာတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှကြက်ခြေနီစေတနာလုပ်အားရှင်များ ပါဝင်ကူညီခဲ့ပါတယ်။



