၂၀၂၆ခုနှစ်၊မတ်လ(၇)ရက်ယနေ့တွင်
စက်သုံးဆီဆိုင်တွေကို လက်ကျန်ဆီအခြေအနေသိရှိစေဖို့ ရှောင်တခင် ဝင်ရောက်စစ်ဆေးတာတွေ ဆောင်ရွက်နေတယ်လို့ စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်။စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းမှာ စက်သုံးဆီပြတ်လပ်မှုမရှိစေရေးအတွက် ပြည်ပမှ စက်သုံးဆီတွေ စဉ်ဆက်မပြတ် ရောက်ရှိစေရေးနဲ့ စက်သုံးဆီဆိုင်တွေမှာ ဆီပြတ်လပ်မှုမရှိစေရေး ဖြည့်တင်းစီမံဆောင်ရွက် ပေးခြင်း၊ဖြည့်တင်းပေးတဲ့ စက်သုံးဆီများအား သုံးစွဲသူများသို့ရောက်ရှိစေရေးအတွက် ဖြည့်တင်းမှုကွင်းဆက် တစ်လျှောက် စစ်ဆေးကြပ်မတ်ခြင်း၊ စက်သုံးဆီ အရောင်းဆိုင်တွေရဲ့ လက်ကျန်ဆီအခြေအနေကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်းနဲ့ သီလဝါ ရှိ Terminal တွေမှ စက်သုံးဆီများ ထုတ်ယူရောက်ရှိမှုအခြေအနေတွေကို စိစစ်ကြပ်မတ်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိတယ်လို့ဆိုပါတယ်။
ပြည်သူများ အနေဖြင့် မလိုအပ်ဘဲ တန်းစီဝယ်ယူခြင်း မပြုလုပ်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြဖို့ စွမ်းအင်ဝန်ကြီးဌာနရှိ ဝန်ထမ်းများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များကလည်း စက်သုံးဆီ အရောင်းဆိုင်တွေကို စစ်ဆေးကြပ်မတ်လျက်ရှိခြင်းကြောင့် စက်သုံးဆီအရောင်းဆိုင်တွေမှာ ဆီတန်းစီဝယ်ယူတဲ့ ယာဉ်အရေအတွက်များ လျော့နည်းလာတယ်လို့ သိရပါတယ်။



