မဲခေါင် – လန်ချန်း သိပ္ပံနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု ဒုတိယအဆင့်စီမံကိန်း စတင်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ Hybrid စနစ်ဖြင့် ကျင်းပရာယခုစီမံကိန်းသည် ယမန်နှစ်က စိန်ရတုပြည့်နှစ် ပြည့်မြောက်ခဲ့ပြီး တရုတ်-မြန်မာသံတမန်ဆက်ဆံရေးနှင့် နှစ်နိုင်ငံအကြား ရှည်ကြာလှသည့် ချစ်ကြည်ရင်းနှီးမှုနှင့် ဆွေမျိုးပေါက်ဖော်ဆက်ဆံ ရေးကို ပိုမိုခိုင်မြဲအားကောင်းစေရန် တစ်တပ်တစ်အား အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယင်းအပြင် ယခုစီမံကိန်းသည် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ၁၀ နှစ်ပြည့်သည့် ယခုနှစ်မှစ၍ မဲခေါင်ဒေသတွင်း ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများ အတွက် အေးအတူပူအမျှ မျှဝေသော အနာဂတ်အသိုက်အဝန်းကို အတူတကွ လက်တွဲတည်ဆောက်ကြရင်း ရွှေရောင်ဆယ်စုနှစ်ခရီး၏ အရေးပါသောခြေလှမ်းတစ်ရပ်ဟု ယုံကြည်မိပါကြောင်း ပြောကြားသည်။မန္တလေးနည်းပညာတက္ကသိုလ် ပါမောက္ခချုပ် (တာဝန်ခံ)၊ ကူမင်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ပါမောက္ခ ကျန်းရယ်ဟွာနှင့် စီမံကိန်းအဖွဲ့ဝင်များက ပထမအဆင့်စီမံကိန်းဆိုင်ရာ ခြုံငုံသုံးသပ်ချက်နှင့် ၂၀၂၇ ခုနှစ်အထိ ဒုတိယအဆင့်ဆိုင်ရာ လုပ်ငန်းအစီအစဉ်တို့ကို Hybrid စနစ်ဖြင့် ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး အပြုသဘောဆောင်သော ဆွေးနွေးမှုရလဒ်များ ရရှိခဲ့ကြကြောင်း သိရသည်။



