back

စပိန်နဲ့ အာဂျင်တီးနားအသင်း ယှဉ်ပြိုင်ရမယ့် ၂၀၂၆ Finalissima ပွဲအတွက် UEFA ဆုံးဖြတ်ချက်မချသေးဘဲ အခြေအနေကို စောင့်ကြည့်နေ

Mar 07 • 3:16 AM

breaking-news

Myanmar

International

cover

စပိန်နဲ့ အာဂျင်တီးနားအသင်း ယှဉ်ပြိုင်ရမယ့် ၂၀၂၆ Finalissima ပွဲအတွက် UEFA ဆုံးဖြတ်ချက်မချသေးဘဲ အခြေအနေကို စောင့်ကြည့်နေ

ယူရို-၂၀၂၄ ချန်ပီယံ စပိန်အသင်းနှင့် ၂၀၂၄ ကိုပါအမေရိကချန်ပီယံ အာဂျင်တီးနားအသင်းတို့ ယှဉ်ပြိုင်ရမည့် ၂၀၂၆ Finalissima ပွဲစဉ်ကို လာမည့် မတ်လ ၂၇ ရက်နေ့တွင် ကာတာနိုင...

ယူရို-၂၀၂၄ ချန်ပီယံ စပိန်အသင်းနှင့် ၂၀၂၄ ကိုပါအမေရိကချန်ပီယံ အာဂျင်တီးနားအသင်းတို့ ယှဉ်ပြိုင်ရမည့် ၂၀၂၆ Finalissima ပွဲစဉ်ကို လာမည့် မတ်လ ၂၇ ရက်နေ့တွင် ကာတာနိုင်ငံ၌ ကျင်းပရန် စီစဉ်ထားသော်လည်း လက်ရှိ ဒေသတွင်း စစ်ရေးတင်းမာမှုများကြောင့် ကျင်းပနိုင်ရန် မရေမရာ ဖြစ်နေကြောင်း သိရသည်။ အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများကြောင့် လုံခြုံရေးစိုးရိမ်မှုများ ရှိနေသော်လည်း ကာတာနိုင်ငံဘက်ကမူ ၎င်းတို့ထံ၌သာ ဆက်လက်ကျင်းပလိုကြောင်း ဆန္ဒရှိနေသည်။ ထို့ကြောင့် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) အနေဖြင့် ပွဲစဉ်အား တခြားနိုင်ငံသို့ ရွှေ့ပြောင်းခြင်း ရှိ၊ မရှိကို အခြေအနေအရ စောင့်ကြည့်နေပြီး လာမည့်ရက်သတ္တပတ်အကုန်တွင်မှ အတည်ပြုဆုံးဖြတ်ချက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ကြာသပတေးနေ့တွင် ကြေညာခဲ့သည်။

news-view-count-icon

19