ထိုင်းနိုင်ငံတွင် ၉၅ ရက်စာအထိ လောင်စာဆီ ဖူလုံမှု ရှိမည်ဖြစ်ပြီး မြန်မာနှင့် လာအိုတို့ကို လောင်စာဆီ ဆက်ရောင်းပေးမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ပြောသည်။နိုင်ငံထဲတွင် မူလက ရက် ၆၀ စာ လောင်စာဆီဖူလုံမှုရှိသည်ဟု ဆိုသော်လည်း လက်တွေ့တွင်မူ ၆၅ ရက်စာအထိ ဖူလုံမှုရှိနေကြောင်း ထိုင်းဝန်ကြီးချုပ် အနုထင်ချန်ဝီရကူနှင့် ပြုလုပ်သော စွမ်းအင်ဆိုင်ရာ အရေးပေါ်အစည်းအဝေးတွင် ဝန်ကြီးက ပြောသည်။ ပြည်ပသို့ လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းထားသောနိုင်ငံများတွင် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့ မပါဝင်ဘဲ ၎င်းတို့နိုင်ငံများသည် ထိုင်းနိုင်ငံနှင့် အပြန်အလှန် စွမ်းအင်မှီခိုနေကြရကြောင်း ဖော်ပြထားသည်။နိုင်ငံအတွင်းရှိ ဓါတ်ဆီနှင့် ဒီဇယ်ဆီဈေးနှုန်းများကိုလည်း တစ်သတ်မတ်တည်းဖြင့် ၁၅ ရက်ကြာ ရောင်းချရန် အစိုးရက ထုတ်ပြန်ထားသည်။



