back

စက်သုံးဆီစျေးနှုန်း ဆက်တိုက်မြင့်တက်လာပြီး မုံရွာမြို့ပေါ်က ဆိုင်ကြီးတွေ ထိန်းရောင်းနေ

Mar 06 • 12:50 PM

breaking-news

Myanmar

Mandalay

cover

စက်သုံးဆီစျေးနှုန်း ဆက်တိုက်မြင့်တက်လာပြီး မုံရွာမြို့ပေါ်က ဆိုင်ကြီးတွေ ထိန်းရောင်းနေ

မုံရွာမြို့ပေါ်မှာ လတ်တလော အရောင်းဖွင့်ထားတဲ့ စက်သုံးဆီအရောင်းဆိုင်ကြီးတွေကလည်း ဓာတ်ဆီ 92 တစ်လီတာကို ၄၀၀၀ကျပ်နှုန်းနဲ့ ရောင်းပေးနေပြီး အများဆုံး ၅၀၀၀ ကျပ်ဖိုးအထ...

မုံရွာမြို့ပေါ်မှာ လတ်တလော အရောင်းဖွင့်ထားတဲ့ စက်သုံးဆီအရောင်းဆိုင်ကြီးတွေကလည်း ဓာတ်ဆီ 92 တစ်လီတာကို ၄၀၀၀ကျပ်နှုန်းနဲ့ ရောင်းပေးနေပြီး အများဆုံး ၅၀၀၀ ကျပ်ဖိုးအထိသာရောင်းပေးနေတယ်လို့ ဒီကနေ့ စက်သုံးဆီတန်းစီလာသူ မုံရွာဒေသခံတစ်ဦးကပြောပါတယ်။စက်သုံးဆီစျေးနှုန်းတွေဟာ မတ်လဆန်းပိုင်းကစပြီး တရိပ်ရိပ်တက်လာတာပါ။ ပြင်ပအရောင်းဆိုင်တွေမှာ ယခင်က ဓာတ်ဆီ 92 တစ်လီတာကို ၃၀၀၀ကျပ် ဝန်းကျင်ရှိရာကနေ မတ်လ (၄)ရက်နေ့မှာတော့ တစ်လီတာကို ကျပ် ၅၀၀၀ ဝန်းကျင်အထိရှိခဲ့ပြီး ဒီကနေ့မတ်လ (၆)ရက်နေ့မှာတော့ တစ်လီတာကို (၈၀၀၀)ကျပ်ကနေ (၁၀၀၀၀)ကျပ်ဝန်းကျင်အထိ မြင့်တက်လာတာပါ။ လက်ရှိအချိန်မှာ မုံရွာမြို့ပေါ်မှာ စက်သုံးဆီအရောင်း ဆိုင်ငယ်လေးတွေဖြစ်တဲ့ ပန့်ဆိုင်တွေ အများစုလည်း ပိတ်ထားကြတယ်လို့သိရပါတယ်။ 




news-view-count-icon

10