၆.၃.၂၀၂၆ ရက်ယနေ့၊ ၁၂နာရီ ၀၁ မိနစ်အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အမြန်လမ်း(၀)မိုင်တွင် မြက်ခြောက်မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။အဆိုပါမီးေလာင်ကြောင်း သတင်းရရှိသဖြင့် လှည်းကူးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။
၁၂ နာရီ၁၄မိနစ် အချိန် မီးထိန်းပါသည်။
၁၂နာရီ ၁၆ မိနစ်အချိန် မီးငြိမ်းပါသည်။



