back

လူထုအုံကြွမှုအလွန်ကာလလွှတ်တော် ရွေးကောက်ပွဲများ နီပေါ၌ကျင်းပ

Mar 06 • 6:36 AM

breaking-news

Myanmar

International

cover

လူထုအုံကြွမှုအလွန်ကာလလွှတ်တော် ရွေးကောက်ပွဲများ နီပေါ၌ကျင်းပ

နီပေါနိုင်ငံ၌ မတ် ၅ ရက်တွင် လွှတ်တော်သစ်အတွက် ရွေးကောက်ပွဲ များကျင်းပခဲ့ရာ နီပေါ ပြည်သူများ အရုဏ်တက်ချိန်မှစ၍ ပါဝင်မဲပေးခဲ့ကြကြောင်းသိရသည်။ဇက်မျိုးဆက် လူငယ်များ...

နီပေါနိုင်ငံ၌ မတ် ၅ ရက်တွင် လွှတ်တော်သစ်အတွက် ရွေးကောက်ပွဲ များကျင်းပခဲ့ရာ နီပေါ ပြည်သူများ အရုဏ်တက်ချိန်မှစ၍ ပါဝင်မဲပေးခဲ့ကြကြောင်းသိရသည်။ဇက်မျိုးဆက် လူငယ်များဦးဆောင်သော အဂတိလိုက်စားမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ကြောင့် အစိုးရအဖွဲ့ပြုတ်ကျခဲ့ပြီး ခြောက်လအကြာတွင် လွှတ်တော်သစ် ရွေးကောက်ပွဲ များကို နီပေါနိုင်ငံ၌ ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။အဆိုပါ ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နီပေါပြည်သူ ၁၉သန်းနီးပါးတို့က လွှတ်တော်အမတ်လောင်းများကို မဲပေးရွေးချယ်ကြရမည်ဖြစ်သည်။မတ် ၅ ရက် လွှတ်တော်ရွေးကောက်ပွဲတွင် လက်ဝဲဝါဒီဝန်ကြီးချုပ်ဟောင်း တစ်ဦး၊ လူငယ် များ၏ ထောက်ခံမှု အခိုင်အမာရရှိထားသော ရက်ပါအဆိုတစ်ဖြစ်လဲ မြို့တော်ဝန်တစ်ဦးနှင့် နီပေါကွန်ဂရက်ပါတီ ခေါင်းဆောင်သစ်တို့ အဓိက အားပြိုင်ကြရမည်ဖြစ်သည်။၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်း ပေါ်ပေါက်ခဲ့ပြီး အနည်းဆုံး လူ ၇၇ဦး သေဆုံးခဲ့ရသော အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆန္ဒပြပွဲများကြောင့်အစိုးရအဖွဲ့ ပြုတ်ကျခဲ့ရပြီးနောက် နီပေါနိုင်ငံကို ယာယီဝန်ကြီးချုပ် ဆူရှီလာကာကီ၏ အစိုးရအဖွဲ့က ဦးဆောင်မှုပေးခဲ့ပြီး မတ် ၅ ရက်တွင် လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပပေးနိုင်ခဲ့ခြင်းဖြစ်သည်။



news-view-count-icon

21