back

ဗိုလ်တထောင် ကမ်းနားလမ်း၌ ပေ ၄၀ ကွန်တိန်နာယာဉ် ၃ စီး ဆင့်တိုက်မှုဖြစ်ပွား၊ ယာဉ်မောင်းတစ်ဦး ခေါင်းခန်းအတွင်း ညပ်နေသဖြင့် ကယ်ဆယ်ခဲ့ရ

Mar 06 • 4:59 AM

breaking-news

Myanmar

Yangon

cover

ဗိုလ်တထောင် ကမ်းနားလမ်း၌ ပေ ၄၀ ကွန်တိန်နာယာဉ် ၃ စီး ဆင့်တိုက်မှုဖြစ်ပွား၊ ယာဉ်မောင်းတစ်ဦး ခေါင်းခန်းအတွင်း ညပ်နေသဖြင့် ကယ်ဆယ်ခဲ့ရ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်ကလေးဈေးလမ်းထိပ် ကမ်းနားကျောက်လမ်းမကြီးပေါ်တွင် မတ်လ ၅ ရက် ည ၈ နာရီခွဲခန့်က ပေ ၄၀ ရှိ ကွန်တိန်နာယာဉ် ၃ စီး ဆင့်တိ...

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်ကလေးဈေးလမ်းထိပ် ကမ်းနားကျောက်လမ်းမကြီးပေါ်တွင် မတ်လ ၅ ရက် ည ၈ နာရီခွဲခန့်က ပေ ၄၀ ရှိ ကွန်တိန်နာယာဉ် ၃ စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းတစ်ဦးမှာ ကားခေါင်းခန်းအတွင်း ညပ်နေခဲ့သဖြင့် ကျောက်တံတားအရန်မီးသတ်တပ်ဖွဲ့နှင့် သက်ဆိုင်ရာအဖွဲ့များ ပူးပေါင်းကာ အချိန်မီ ကူညီကယ်ထုတ်ပေးခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် ယာဉ်မောင်းမှာ စိုးရိမ်ရသည့် ဒဏ်ရာမျိုး မရရှိခဲ့သော်လည်း ကွန်တိန်နာယာဉ်များမှာမူ ပျက်စီးမှုများ ရှိခဲ့ကြောင်း ကျောက်တံတားအရန်မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

news-view-count-icon

23