စပါးအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ၁၁ ပွဲဆက် နိုင်ပွဲပျောက်ဆုံးပြီး ၅ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့မှုကြောင့် ၁၉၇၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တန်းဆင်းရမည့်အန္တရာယ်နှင့် နီးကပ်စွာ ရင်ဆိုင်လာရကြောင်း သိရသည်။ မနေ့က ယှဉ်ပြိုင်ခဲ့သော ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲတွင် (၁-၃) ဂိုးဖြင့် ထပ်မံရှုံးနိမ့်ခဲ့သဖြင့် စပါးအသင်းသည် ၂၀၂၆ ခုနှစ်အတွင်း ပရီးမီးယားလိဂ်၌ နိုင်ပွဲမရသေးသည့် တစ်သင်းတည်းသော အသင်းဖြစ်လာခဲ့ပြီး ဇယားအောက်ခြေရှိ ဝက်စ်ဟမ်းအသင်းနှင့် ၁ မှတ်သာ ကွာဟတော့သည့် အခြေအနေသို့ ရောက်ရှိသွားသည်။ ဖေဖော်ဝါရီလတွင် နည်းပြ သောမတ်စ်ဖရန့်ခ်ကို ထုတ်ပယ်ကာ နည်းပြသစ် တူဒေါကို ခန့်အပ်ခဲ့သော်လည်း တူဒေါလက်ထက် ၃ ပွဲစလုံး ရှုံးနိမ့်ခဲ့သဖြင့် အခြေအနေ ပိုမိုဆိုးရွားလာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း နည်းပြ တူဒေါကမူ အသင်းသားများ၏ ကောင်းမွန်သော အချက်များကို မြင်တွေ့ရသဖြင့် တန်းဆင်းဇုန်မှ လွတ်မြောက်မည်ဟု ယုံကြည်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
Mar 06 • 4:54 AM
Myanmar
International
Share
| 17 | 0 | 0 | 0 |


