ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဉက္ကံမြို့၊ ဉက္ကံရွာမကျေးရွာတွင် (မတ်လ ၅ ရက်) ညနေ ၄ နာရီ ၅၀ မိနစ်အချိန်ခန့်က ကိုင်းတောမီးလောင်မှုဖြစ်ပွားခဲ့ရာ ဉက္ကံနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။ အဆိုပါမီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် ညနေ ၅ နာရီ ၁၃ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ပြီး၊ အချိန်မီ ထိန်းချုပ်နိုင်ခဲ့ခြင်းကြောင့် ဘေးပတ်ဝန်းကျင်သို့ မီးကူးစက်ပျံ့နှံ့မှုမရှိဘဲ ငြိမ်းသတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Mar 06 • 4:46 AM
Myanmar
Yangon
Share
| 14 | 0 | 0 | 0 |


